Copy from mizzimz

ဆင်းရဲသား အခမဲ့ဆေးကုနိုင်ခွင့် ပယ်ချခံရ မျိုးသန့်
.by We are Burmese! on Friday, March 11, 2011 at 4:55am.| ကြာသပတေးနေ့၊ မတ်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဝင်ငွေနည်းပြည်သူများ ဆေးကုသခွင့် အာမခံချက်ရှိသည့် အမျိုးသား ကျန်းမာရေးစနစ် ထူထောင်ရန် ပြည်သူ့လွှတ်တော် အမတ်များက ကြာသပတေးနေ့ အစည်းအဝေး၌ တင်ပြခဲ့ရာ ကျန်းမာရေးဝန်ကြီး ဒေါက်တာကျော်မြင့်က စရိတ်မျှပေး ကျန်းမာရေးစနစ် ရှိသည်ဆိုသော အကြောင်းပြချက်ဖြင့် ပယ်ချလိုက်ကြောင်း အမတ်တဦးက ပြောသည်။

“ဆေးရုံကြီးမှာ ဆေးကုရတာ ဈေးကြီးတဲ့ အကြောင်းတွေဘာတွေပေါ့။ နောက်တခုက အလုပ်မရှိတဲ့သူတွေ ဘယ်လို ဆေးကုမလဲပေါ့၊ အဲဒါတွေကို ဆွေးနွေးပါတယ်။ ဒါပေမဲ့ ကျန်းမာရေး ဝန်ကြီးဌာကတော့ ထုံးစံအတိုင်းပေါ့လေ။ သူ့ရဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတဲ့ အတိုင်းပေါ့လေ၊ ဆေးရုံက အကုန်လုံး လုပ်ထားတာ၊ ဆေးတွေလည်း အခမဲ့ ကုပေးနေတယ်ပေါ့လေ။ အဲဒီတည်းက ပြီးသွားပြီလေ” ဟု ယနေ့ ပြည်သူ့လွှတ်တော်တက် အမတ်တဦးက မဇ္ဈိမကို ပြောဆိုသည်။

အဆိုကို ရှမ်းအမျိုးသားများ တိုးတက်ရေးပါတီ SNDP မှ ဒေါက်တာကျော်အုန်းက တင်သွင်းခဲ့ကာ၊ ဦးစိုင်းသိန်းအောင် (SNDP ၊ တာချီလိတ်)၊ ဦးခင်မောင်ရီ (အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ၊ အလုံ) ဦးဋ္ဌေးဝင်း (ကြံ့ဖွံ့ပါတီ) တို့မှ ထောက်ခံဆွေးနွေးခဲ့သည်။

ဝန်ထမ်းများ လစာတိုးရေးနှင့် ပတ်သက်သည့် မေးခွန်းကို ဘဏ္ဍာရေးဝန်ကြီး ဦးလှမြင့်က ယတိပြတ် ငြင်းဆိုခြင်း မရှိဘဲ ဝန်ထမ်းအရေအတွက်နှင့် ဌာနဆိုင်ရာများ များပြားကြောင်း ပြောဆိုပြီး ကောင်းမွန်သော အစိုးရဖြစ်အောင် လုပ်မည်ဟုသာ ဖြေဆိုခဲ့သည်။

“လစာတွေက ဘယ်တုန်းကတည်းက ဘယ်လိုဘယ်လို တိုးပြီးပြီပေါ့။ မြန်မာပြည်မှာ အဲဒါမျိုးတွေ တော်တော် များနေပြီပေါ့။ ယတိပြတ်ငြင်းတာတော့ မဟုတ်ဘူး။ ဝန်ထမ်းတွေနဲ့ ဌာနတွေက များနေတယ်ပေါ့လေ။ အဲဒီသဘောမျိုး ပြောတာပေါ့။ Good Government ဖြစ်အောင် လုပ်ပါ့မယ်ပေါ့။ စီမံချက်တွေချပြီးတော့ ဆောင်ရွက်နေပြီ ဖြစ်တဲ့အကြောင်း အဲဒီလိုမျိုး ပြောသွားပါတယ်” ဟု လွှတ်တော် အမတ်တဦးက ပြောသည်။

ဆွံ့အနားမကြားသူများအတွက် အချက်ပြ ဟန်ပန်သုံး ဘာသာစကားကို ရုပ်မြင်သံကြားမှ တင်ပြပေးရန် အမေးကို ဆက်သွယ်ရေးဝန်ကြီး ဦးကျော်ဆန်းက မြန်မာနိုင်ငံတွင် ထိုဟန်ပန်သုံး ဘာသာစကားကို ဖတ်တတ်သူ နည်းပါးပြီး အခြေအနေပေးပါက လုပ်ဆောင်ပေးရန်သာ ဖြေကြားခဲ့ကြောင်း အထက်ပါ အမတ်ကပင် ဆက်ပြောပြသည်။

ပြည်သူ့လွှတ်တော်တွင် တင်ပြသည့် အဆိုများနှင့် မေးခွန်းများကို သက်ဆိုင်ရာ ဝန်ကြီးများမှ ပြန်လည် ဖြေကြားချက်များ ရလဒ်မကောင်းသော်လည်း အမျိုးသားလွှတ်တော်ဘက်တွင် ပညာရေး ကျန်းမာရေးနှင့် ပတ်သက်သည့် အဆိုများကို ထောက်ခံခြင်းဖြင့်သာ ပြီးဆုံးသွားသည်ဟု အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည် အဆိုအရ သိရသည်။

“ပညာရေးနဲ့ ပတ်သက်တဲ့ အဆိုကိုတော့ ရန်ကုန်တိုင်းက ကိုဘုန်းမြင့်အောင်က ထောက်ခံ ဆွေးနွေးတာပေါ့နော်။ ရှမ်းပြည်နယ်က စိုင်းသန့်ဇင်၊ သူကလည်း ထောက်ခံကြောင်း ဆွေးနွေးတယ်။ နောက်တခါ ပေါ်လျှံလွင်ကပဲ ချင်းပြည်နယ်က ဆရာဝန်တွေလိုတဲ့ နေရာတွေကို ဆရာဝန်တွေချပေးဖို့၊ အဲဒါကို အဆိုတင်တာကို ဒေါက်တာ မြတ်ဥာဏစိုးက ထောက်ခံကြောင်း ဆွေးနွေးတယ်။ အဲဒီမှာတင် အဆိုတွေ ပြီးသွားတယ်” ဟု သူက ပြောသည်။

အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်များ ယနေ့မေးမြန်းသည့် မေးခွန်းများမှာ မြန်မာ ကမ်းရိုးတန်းများတွင် ရေတားတာတမံများ ဆောက်ပေးခြင်းနှင့် ပေါင်းတည် ရေလှောင်တမံ အပြီးသတ်ရေးဆိုင်ရာ မေးခွန်းများ ပါဝင်သည်။

ဆည်မြောင်းဆိုင်ရာ မေးခွန်းများကို လယ်/ဆည်ဝန်ကြီး ဦးဋ္ဌေးဦးက ဘဏ္ဍာတွေခွဲဝေမှုအရ လုပ်ဆောင်နေပြီး လာမည့် နှစ်တွင် ဆက်လက်ဆောင်ရွက်သည်ဟု ဖြေကြားခဲ့သည်။ ထို့အပြင် ဥရုချောင်းအတွင်း ရွှေတူးဖေါ်မှုကြောင့် မြစ်ကြောင်းတိမ်ကောမှုများ ထိန်းသိမ်းရန် ပြောဆိုချက်ကို သတ္တုတွင်းဝန်ကြီး ဦးအုန်းမြင့်က သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်မည်ဟု ပြန်လည် ဖြေကြားခဲ့သည်။

အမျိုးသားလွှတ်တော်တွင် မေးမြန်းသည့် အဆိုများကို သက်ဆိုင်ရာဝန်ကြီးများက ချက်ချင်းဖြေကြားကြပြီး၊ အဆိုတင်သွင်းမှုကို ထောက်ခံဆွေးနွေးကာ ပြည်ထောင်စုလွှတ်တော်တွင် ပြန်လည်သုံးသပ်ရန်ရှိကြောင်း ဒေါ်ခင်ဝိုင်းကြည်က ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်သည် နေ့လည် ၁ဝ နာရီမှစ၍ နေ့ခင်း ၂ နာရီခွဲတွင် ပြီးဆုံးကာ၊ အမျိုးသားလွှတ်တော်သည် မနက် ၁ဝ နာရီမှစ၍ နေ့လည် ၁၂ နာရီ ၁၅ မိနစ်တွင် ပြီးဆုံးခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/7086-2011-03-10-13-22-56.html

.

Very very long time for new post!!!

hello all ,,
i dun write in my blog for many long time b cos of my work ,, laziness and so many otherss… i am now ready to try my post again and wants more to share my feelings.

ဝသန်ကာလမိုးကျလေပြီ ။

မိုးတွင်းသို.ဆိုက်ဆိုက် မြိုက်ရောက်လာပေပြီ။ ဒီနေ့တနေ့လိုးမိုးကအငြိုးနဲ့ရွှာ သလိုပါဘဲ ။ တော်တော်လေးသည်းပါရဲ့။ ကံဆိုးတဲ့ကျွန်တော်တော့ မြို့ထဲရောက်သွားပါတယ်။ ရေတွေလဲလျှံ ၊ကားတွေကပိတ်၊ ကားကလဲ aircon ပျက် ၊ လောကငရဲပါဘဲဗျာ။ တော်သေးပါရဲ့ ၊ကားမပျက်လို့။ ဒီလိုရေလျှံနေတာ မှတ်မှတ်ရရ ၅ နှစ်ကျော်ပြီထင်တယ်။ ရေမြောင်းတွေ လျှံ ပြီး ဖြစ်တာပါ ။လမ်းပေါ်မှာ အမှုက်တွေလဲ ပြည်.နေပါတယ်။ အင်းပေါ.လေ ၊ အခုတွောမြန်မာ ပြည်ရဲ.ျြမို.တော်က မဟာရန်ကုန်မှမဟုတ်တော့တာ ။ ဖြစ်ချင်လဲဖြစ်ပေါ. ။ တရားရစရာ သံဝေဂယူစရာပါဘဲ ။ မိုးတွင်းကအခုမှစတာပါ ၊ နောင် မဖြစ်ပါစေ နဲ့လို့ မ၀ံ့မရဲ ဆုတောင်းမိပါရဲ့ ။

မတွေ.တာတော်တော်ကြာပြီနော် ။။။

သူငယ်ချင်းများခင်ဗျာ ။။
BLOG မရေးဖြစ်တာတောင်တော်တော်ကြာပြီဗျာ ။ ၂ ပတ်လောက်ရှိပြီထင်တယ် ။ ရာသီဥတုကတော့ နွေအကုန် မိုးရောက်တော့မည်. မုတ်သုန်အစ ရာသီပါဘဲ ။ နေရတာတော် တော်တော် ကသိကအောင်.ဖြစ်ပါတယ် ။ဘာပဲဖြစ်ဖြစ် မပူတော့တာတော့ခပ် ကောင်းကောင်းဘဲ။ ကျွန်တော် လည်း တရားစခန်းဝင်တာဘာလိုလို နဲ့ ၈ ရက်လောက်ကြာသွားတယ်။ အပူများတဲ့လောကနဲ့ခဏလောက်အဆက်အသွယ်ပျက်သွားတာပေါ့ ၊ စိတ် အေးနားအေးပါဘဲ ။ ရန်ကုန်ပြန်ရောက်ရောက် ချင်းသိပ်တောင်မနေတတ်တော့ဘူး ။ဒါပေမဲ့ အခုတော့လည်း ပြန် ok သွားပါပြီ ။ နောက်ဆိုရင်အားပ မလားတောင်မသိဘူး ။အလုပ်ကလည်းဝင်ရတော့မယ်။ အားအောင်လုပ်ဲပြီး ဆက်ရေးသွားပမယ်။ အားလုံးစိတ်ချမ်းသာပါစေ ။။

ဘုရားရိပ်တရားရိပ်ဆိုတာ…..

ဒီနေ့မနက်အစောစော မှာမိသားစုနဲ့တောရကျောင်းတခုကိုရောက်ဖြစ်ပါတယ် ။ ရန်ကုန်-ပဲခူးအဝေးပြေးလမ်းပေါ်မှာရှိတဲ့ မုံလယ်တောရ ကိုသွားတာပါ ။ ရန်ကုန်ကနေဆို ၁နာရီကျော်လောက်သွားရပါတယ်။ တောရကျောင်းလို့သာပြောတာပါ ၊ ကျောင်းတွေက သုံးထပ်ကျောင်းတွေ ။အုတ်ကျောင်းတွေကြီးပါဘဲ။ ဆရာတော်ဘုရားကတော်တော် ဘုန်းကံကြီး ပုံရပါတယ်။ မီုးကုတ် ၀ိပတ်သနာလက်အောက်ကပါ။ သံဃာတော့သိပ်မများပါဘူး ၊ယောဂီတွေ လည်းအယောက် ၂၀ လောက်ပါဘဲ။ ကျောင်းဝင်းကတော့တော်တော်ကျယ်ပါတယ်။ သစ်ရိပ်ဝါးရိပ်နဲ့တော်တော်ငျြိမ်းချမ်းပါတယ်။ မနက် ၈နာရီလောက် မှာရောက်သွားပါတယ်။ခဏနေတော့ ဆရာတော်ကြီးကို လှုစရာရှိတာတွေ လှု ပါတယ်။ ဆရာတော်ကြီး ကသက်တော် ၈၀ လောက်ရှိမယ်ထင်ပါတယ်။ တရားပေးတော့တော်တော်လေးကောင်းပါတယ်။ ဆရာတော်ကြီးက ယောနယ်ဘက်ကပါ ၊ဒါကြောင့်စကားတော့ နဲနဲ ၀ဲပါတယ်။ဒါပေမဲ့လိုရင်းကိုရောက်အောင် ဟောနိုင်ပြောနိုင်ပါတယ်။ တမနက်လုံးတော်တော်စိတ်ချမ်းသာပါတယ်။ အဖေနဲ့တောင်တရား စခန်းဝင်ဖို့စိတ်ကူးပါသေးတယ်၊တကယ်လို့အခွင့်အရေးရရင်ပေါ့ ။ ရန်ကန်မြို့ရဲ့ပူလောင်တဲ့ ဘ၀ ကနေခဏတော့ လွတ်မြောက်သွားသလိုပါဘဲ။ မနက် ၁၁ နာရီလောက်မှာ မှ ပြန်လာဖြစ်ပါတယ်။ ရာသီဥတုကလဲ မိုးအေးအေးလေးနဲ့တော်တော်နေ လို့ကောင်းပါတယ် ။ လူသားအားလုံးစိတ်ချမ်းသာပါစေဗျာ။

သူဖုန်းစားတွေရဲ့ဘ၀ ………

မနေ့ကကျွန်တော် မြို့ထဲကပြန်လာတော့ နေ့လည် ၁ နာရီရှိပြီ ။ နေကတော့တော်တော်လေးကိုပူပါတယ် ။ လှည်းတန်းမီးပှိုင့်ရောက်တော့ ပှိုင့်မိပါရော ။အဲ.ဒီမှာ ကျွန်တော်အဖြစ်အပျက်တခုကြုံလိုက်ရတယ်။ ကျွန်တော်က လူကောင်းကောင်း မွန်မွန်ကြီး နဲ့ ပိုက်ဆံလိုက်တောင်းရင်တော်တော် irritate ဖြစ်တယ်ဗျ ။ ဘယ်တော့မှလဲပိုက်ဆံပေးလေ့မရှိဘူး ။ အခုတောင်းစားတဲ့သူကတော့ ကလေးတယောက်ကို ချီထားတယ်။ ဒါကလဲသိပ်တော့မထူးဆန်းပါဘူး ။ဒီလိုဘဲရန်ကုန်မှာတောင်းနေတာကြာလှပြီပေါ့ ။ သူတောင်းစားတာလဲရိုးရိုးလေးပါဘဲ ။ ကလေးကိုဆေးရုံ ပြန်ပြချင်လို့ပါ ၊ ကလေးနေမကောင်းလို့ပါ ၊ ဒီလောက်ပါဘဲ ။ ထူးဆန်းတာကတော့ ခဏဘဲတောင်း ပြီး သူ ကလမ်းတဘက်ကိုကူးသွားတယ် ။ထိုင်ပြီးငိုပါလေရော ။ ကလေးကို ကြည်.လိုက် ငိုလိုက်ပေါ့ ။ နေပူပူကြီးထဲမှာ တော်တော်ဆင်းဆင်း ရဲရဲပါဘဲ။ သူတကယ်ဘဲ ကလေးနေမကောင်းလို့လား ? တောင်းစားချင်လို့ဘဲလားတော့သူဘဲအသိဆုံးဖြစ်မှာပါ။ တကယ်ဘဲဆိုရင်တော့တော်တော်သနားဖို.ကောင်းမယ်ဗျ ။ အခုခေတ်မှာဆေးရုံဆိုတာက တော်တော်တော့ပိုက်ဆံကုန်ပါတယ် ။investigation ကမလုပ်မနေရလုပ်ရတာကိုဗျ ။ ကျွန်တော်ကဆေးရုံမှာ လုပ်ဖူးတော့ သိပါတယ်။အတတ်နိုင်ဆုံး FOC လုပ်ပေးတာတောင် ပိုက်ဆံကတော့ကျသင်.သလောက်ကျတာပါဘဲ ။ ဒါကြောင့်လဲဆေးရုံ တက်ဖို့ကို ဒီ သူငယ်မကြောက်တာထင်ပါ ရဲ့ ။ အခုနှစ်ပိုင်းမှာ သူဖုန်းစားဦးရေ ပိုတိုးလာသလိုဘဲ၊ အလုပ်လုပ် နိုင်တဲ့သူတွေတောင်းတာကိုပါတွေ့လာရပါတယ် ။ လူတွေဆင်းရဲလာတာကို လက်ခံပါတယ်။ဒါပေမဲ့အကျင့်တော့ မပျက်စေချင်ပါဘူး ။စိတ်ဓာတ် ကျတဲ့သူကို ကုလို့ရပါတယ်၊ စိတ်ဓာတ်ပျက်တဲ့သူ အတွက်ဆေးကတော့တော်တော် ခက်ပါတယ်။ ဒီအတွက်ကိုလောလောဆယ် ဘာ လုပ်ပေးနိုင်ပါသလဲ ? ကျွန်တော်တော့နဲ နဲလုပ်ကြည်.မိပါတယ်။ သူတောင်းစားလေးက ဆဲသွားလေရဲ့ ။ ဘာရယ်မဟုတ်ပါဘူး ။ ပိုက်ဆံပေးမယ် ။အမှိုက်ကောက်ပါ ။၂၀၀ ပေးမယ် ။ လုပ်မလားဆိုပြီး အမှိုက် နဲနဲကောက်ခိုင်းပါတယ် ။ သကောင့်သား က ပိုက်ဆံပေးပါ၊မပေးရင်သွားမယ် ၊လာမရှည်နဲ့ဆိုတဲ့ပုံစံမျိုးလုပ်ပြပါတယ်။ ကျွန်တော်လဲဆက်မပြောတော့ပါဘူး ။စိတ်ဓာတ်တွေဘဲမကောင်းကြတော့ဘူးလားမသိပါဘူး။ နိုင်ငံအတွက်တော့ စိတ်မကောင်းပါဘူး ။မြန်မြန်လေးတခုခု လုပ်သင့်တာပေါ့ဗျာ။ လူသားအားလုံးစိတ်ချမ်းသာပါစေ။

THAT’s MY BOI

ညကပျော်လိုက်တာဗျာ ။ တော်တော်ရင်ခုံလိုက်ရ တယ် ။ ရည်းစားဆီက အဖြေရတာတောင်ဒီလောက် ရင်ခုံဇို့ကောင်းမှာ မဟုတ်ဘူးဗျ ။ ကောင်းလိုက်တဲ့ BERCE ဗျာ ။ အချိန်ပိုပြီးခါနီးမှ သွင်းသွားတာ .CHELSEA ကကောင်တွေများမျက် ရည်ရော နှပ်ချီးပါထွက်တယ် ။ ဘာပဲပြောပြော essian သွင်းတွဲ့ goal က တော့ ပထမတန်းစားပဲဗျို့ ။ကောင်းလိုက်တာ မှ သောက်ရန်းဘဲ။ berce ကကောင်တွေကတော့ အလှကစားသွားပြီး နိုင်တော့ တော်တော်ကျေနပ်နေမှာဘဲ ။ DROGBA ကြီးကတော့ အရင်ကတည်းကမဖြူတဲ့မျက်နှာကြီး မဲလို့ ။ ကျွန်တော်တို့ MAN U ကတော့ FINAL မှာ အသာအယာစောင့်နေပါတယ် ။ ARSENAL အတွက်လဲစိတ်မကောင်းပါဘူး ။ ဘာပဲပြောပြော CHAMPION LEAGUE တော့ထုံးစံအတိုင်း ရင်ခုံမှု အပြည့်အ၀ ပေးတုန်းပါဘဲ ။

ပန်းသီးပင်ပုံပြင်

တစ်ခါတုန်းက အလွန်ကြီးမားတဲ့ ပန်းသီးပင်ကြီးတစ်ပင်ရှိတယ်…
ကောင်လေးတစ်ယောက်ဟာ နေ့စဉ်နေ့တိုင်း အဲဒီသစ်ပင်ကြီးဆီကိုလာပြီး ဆော့ကစားလေ့ရှိတယ်..
သစ်ပင်ကြီးက အဲဒီကောင်လေးကိုအလွန်ချစ်ရှာတယ်…
ကောင်လေးကလည်းသစ်ပင်ကြီးကိုချစ်တယ်….
ကောင်လေးဟာနေ့စဉ်သစ်ပင်ကြီးထိပ်ဖျားထိရောက်အောင်တက်တယ်…အသီးတွေကိုစားတယ်..သစ်ပင်ကြီးရဲ့အရိပ်အောက်မှာ တစ်ရေးတစ်မောမှေးတယ်…
ကောင်လေးဟာသစ်ပင်ကြီးကိုချစ်တယ်…သစ်ပင်ကြီးကလည်းအလွန်ပျော်ရှာတယ်…
ဒီလိုနဲ့အချိန်တွေဟာ တရွေ့ရွေ့နဲ့ကုန်ဆုံးလာခဲ့တယ်….
တစ်နေ့မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုလာခဲ့တယ်..
သစ်ပင်ကြီး – “ကောင်လေးရေ..လာပါ..ငါနဲ့လာဆော့ပါအုံး”
ကောင်လေး – ” ကျွန်တော်အရင်လိုကလေးလေးမဟုတ်တော့ပါဘူး..ဒီသစ်ပင်ကြီးနားမှာလည်းထပ်ပြီးမဆော့ချင်တော့ဘူး..ကျွန်တော်အရုပ်တွေလိုချင်တယ်..အဲဒါတွေဝယ်ဖို့အတွက်ပိုက်ဆံလိုအပ်နေပါတယ်”
သစ်ပင်ကြီး – “၀မ်းနည်းပါတယ်ကောင်လေးရယ်..ငါ့မှာမင်းကိုပေးဖို့ပိုက်ဆံမရှိဘူး…ဒါပေမယ့်ငါ့ရဲ့အသီးတွေအားလုံးကိုမင်းခူးသွားပါ..ပြီးရင်ရောင်းပါ..အဲဒါဆိုမင်းလိုအပ်နေတဲ့ပိုက်ဆံတွေရပါလိမ့်မယ်”
ကောင်လေးဟာအလွန်စိတ်လှုပ်ရှားစွာနဲ့ သစ်ပင်ပေါ်ကပန်းသီးတွေအားလုံးကိုသိမ်းကျုံးယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်…
ပန်းသီးတွေကိုခူးဆွတ်သွားပြီးတဲ့နောက်မှာ ကောင်လေးဟာသစ်ပင်ကြီးဆီကိုဘယ်တော့မှပြန်မလာတော့ဘူး…
သစ်ပင်ကြီးဟာအလွန်ဝမ်းနည်းနေခဲ့တယ်….
သက္ကရာဇ်ပေါင်းများစွာကိုကျော်ဖြတ်ပြီးတဲ့ တစ်နေ့မှာ အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးဟာ သစ်ပင်ကြီးဆီကို ပြန်လာခဲ့တယ်..
သစ်ပင်ကြီးကစိတ်လှုပ်ရှားစွာနဲ့အရွယ်ရောက်နေပြီဖြစ်တဲ့ကောင်လေးကိုကြည့်နေတယ်…
သစ်ပင်ကြီး – ” လာပါ..ငါနဲ့လာဆော့ပါ”
ကောင်လေး – “ငါ့မှာကစားဖို့အတွက်အချိန်မရှိဘူး..ငါ့မိသားစုအတွက်အလုပ်လုပ်နေရတယ်…အခုတို့မိသားစုခိုလှုံဖို့အတွက်အိမ်တစ်လုံးလိုအပ်နေတယ်..ငါ့ကိုကူညီနိုင်မလား?”
သစ်ပင်ကြီး – “၀မ်းနည်းပါတယ်ကောင်လေးရယ်…ငါ့မှာမင်းကိုပေးဖို့အိမ်မရှိပါဘူး..ဒါပေမယ့် မင်းငါ့ရဲ့အကိုင်းအခက်တွေကိုခုတ်သွားပါ..ပြီးရင်မင်းရဲ့အိမ်ကိုဆောက်ပါ”
ကောင်လေးဟာ သစ်ပင်ကြီးရဲ့အကိုင်းအခက်တွေအားလုံးကိုခုတ်ယူပြီး ပျော်ရွှင်စွာနဲ့ထွက်ခွာသွားခဲ့တယ်…
အချိန်တွေကြာလာတဲ့အခါ ကောင်လေးဟာသစ်ပင်ကြီးဆီ ထပ်ရောက်လာပြန်ပါတယ်…
ကောင်လေး – “ငါလည်းတဖြည်းဖြည်းနဲ့အိုမင်းလာပြီ..အနားယူရင်းနဲ့ငါကိုယ်တိုင်ရွက်လွှင့်ချင်တယ်…ငါ့ကိုလှေတစ်စင်းပေးနိုင်မလား?”
သစ်ပင်ကြီး – “ငါ့ရဲ့ပင်စည်ကိုအသုံးပြုပြီး မင်းအတွက်လှေတစ်စင်းဆောက်ပါ…ဒါဆိုရင် ဟိုးအဝေးကြီးကို မင်းရွက်လွှင့်နိုင်ပါပြီ….ပျော်ရွှင်ပါစေကွာ”
ကောင်လေးဟာသစ်ပင်ကြီးတစ်ပင်လုံးကိုခုတ်ယူသွားပြီး လှေတစ်စင်းပြုလုပ်ခဲ့တယ်…ပြီးတော့ရွက်လွှင့်သွားလိုက်တာ အချိန်တွေအကြာကြီးသူ့ကိုမတွေ့ရတော့ပါဘူး..
အဲဒီနှစ်တွေမှာ သစ်ပင်ကြီးဟာပျော်ရွှင်နေတယ်လို့ထင်ရပေမယ့် တစ်ကယ်တော့မဟုတ်ခဲ့ပါဘူး…
နှစ်များစွာကြာပြီးတဲ့ နောက်ဆုံးမှာတော့ အိုမင်းနေပြီဖြစ်တဲ့အဘိုးအိုတစ်ယောက်ဟာ သစ်ပင်ကြီးဆီကိုရောက်လာခဲ့တယ်…
သစ်ပင်ကြီး – “၀မ်းနည်းပါတယ် ကောင်လေးရယ်…ငါ့မှာမင်းကိုဒီ့ထက်ပိုပြီးပေးစရာ ဘာမှမရှိတော့ဘူး…မင်းအတွက်ပန်းသီးတွေလည်းမရှိတော့ပါဘူး”
အဘိုးအို – “ကိစ္စမရှိပါဘူး…အဲဒါတွေကိုကိုက်ဖို့အတွက် ငါ့မှာသွားတွေမရှိတော့ဘူး”
သစ်ပင်ကြီး – “မင်းတက်ဖို့အတွက်ပင်စည်လည်းငါ့မှာမရှိတော့ပါဘူး”
အဘိုးအို – “အဲလိုတက်ဖို့အတွက်လည်း ငါအရမ်းအိုမင်းနေပါပြီ”
သစ်ပင်ကြီး – “ငါ့မှာမင်းကိုပေးဖို့အတွက် တကယ့်ကိုဘာမှမရှိတော့ပါဘူးကွယ်..ငါ့မှာခြောက်သွေ့နေတဲ့အမြစ်ကြီးတစ်ခုပဲကျန်ပါတော့တယ်”
သစ်ပင်ကြီးကမျက်ရည်များနဲ့ပြောရှာတယ်…
အဘိုးအို – “အခုငါ့အတွက်အများကြီးမလိုအပ်တော့ပါဘူး…အနားယူဖို့နေရာလေးတစ်ခုဆိုရပါပြီ…ကုန်ဆုံးခဲ့တဲ့နှစ်တွေမှာငါအရမ်းပင်ပန်းခဲ့တယ်”
သစ်ပင်ကြီး – “ကောင်းပြီ..ဒီအမြစ်အိုကြီးဟာအနားယူဖို့အတွက်တော့အကောင်းဆုံးနေရာပါ…လာ-ငါနဲ့အတူထိုင်ပြီးအနားယူလှည့်ပါ”
ပင်ပန်းနွမ်းနယ်နေရှာတဲ့အဘိုးအိုဟာ ခြောက်သွေ့နေပြီဖြစ်တဲ့အမြစ်ကြီးပေါ်မှာ ထိုင်လိုက်ပါတယ်…
သစ်ပင်ကြီးကတော့ဝမ်းသာမှုတွေနဲ့ မျက်ရည်တွေကြားကနေအတောက်ပဆုံးပြုံးနေပါတော့တယ်….

***သင်ဘယ်လောက်ပဲအလုပ်တွေများနေပါစေ သင့်ရဲ့အချို့သောအချိန်လေးတွေကိုတော့ မိဘနဲ့အတူကုန်ဆုံးနိုင်ပါစေ***

ဖတ်မိတဲ့ ” The Boy & The Apple Tree ” ပုံပြင်လေးကို ဘာသာပြန်ပြီး ဖြန့်ဝေလိုက်ပါတယ်….
ဒီပုံပြင်လေးဖတ်ပြီး ကိုယ့်မိဘအပေါ်မှာ အချိန်လေးအနည်းငယ်ပိုပေးနိုင်ပါစေ လို့ဆန္ဒပြုပါတယ်….

မှတ်ချက် ။။ မ မြတ်သွယ်ဆီမှ Mailကို သူငယ်ချင်းတွေအတွက် တင်ပေးလိုက်တာပါ THANX Ma Myat Thwe

ကဆုန်လပြည့် ရောက်ပြန်ပြီ ။

ကဆုန်လပြည့် ရောက်ပြန်ပြီဗျို့ ။ မနှစ်ကတော့ နာဂစ်ဖြစ်တော့ဘယ်မှမသွား ဖြစ်ဘူး ။ဒီနှစ်တော့ အိမ်နဲ့ ပဲခူး သွားဖြဲစ်မယ် ။ မနက်စောစော သွားမယ်ထင်တယ်။ ကျွန်တော်ကတော့ထုံးစံအတိုင်း driver ပဲလုပ်ရအုံးမှာဘဲ ။ အဒေါ်အပျို ဂျီး တွေနဲ့သွားရမှာဆိုတော့ နဲနဲ စိတ်ပျက်ဖို့တော့ကောင်းမှာဘဲဗျ ။ အခုကတည်းကကျွန်တော့် ကိုဆူဖို့ပြင်ဆင်နေကြပြီထင်တယ် ။ဟိုရောက်ရင် ဓာတ်ပုံတွေရိုက်လာခဲ့မယ် ။ အားလုံး ကုသိုလ်အလုပ်မှာပျော်မွေ့နိုင်ပါစေ ။

ရင်မောတယ်

ဆားတထုပ်နဲ့နယ်ပြီး
အိမ်မှာ ကြက်သားပြုတ်ကြော်စားတယ်၊
…….
စားနေရင်း
ကမ္ဘာပေါ်မှာ
အစားတလုပ်မဲ့လို့
ငိုယိုရင်း လူးလူးလိမ့်လိမ့်
ကိုယ့်ဗိုက်ကိုယ်ပုတ်နေကြရတဲ့သူတွေ
ဘယ်လောက်များပါလိမ့်
……
ရင်မောတယ်။

ထီးတချောင်းထုတ်ပြီး
အလှုအိမ်ဘက်လျောက်သွားတယ်
လမ်းမှာ အ၀တ်ဆိုင်ထဲဝင်ပြီး
တိုက်ပုံအကျီတထည် ၀င်ရွေးဝတ်တယ်၊
……..
ရွေးနေရင်း
ကမ္ဘာပေါ်မှာ
အ၀တ်ဗလာမဲ့လို့
မွေးရာပါအရေပြားချုပ်ဝတ်ကြရတဲ့သူတွေ
ဘယ်လောက်များပါလိမ့်
…….
ရင်မောတယ်။

ညနေစောင်းနေကို
ထီးအရိပ်နဲ့ကွယ်လို့
……..
လျှောက်နေရင်း
ကမ္ဘာပေါ်မှာ
အရိပ် အမိုးအကာမဲ့လို့
လွင်တီးခေါင်မှာ ပုဆိုးခြုံအိပ်ကြရသူတွေ
ဘယ်လောက်များပါလိမ့်
……..
ရင်မောတယ်။

အမှတ်မထင်
သူတောင်းစားလေးတယောက် ရောက်လာပြီး
အကိုကြီးရယ် တကျပ်တပြားလောက်စွန့်ကြဲခဲ့ပါ၊
ဒီခေတ်မှာ တကျပ်က ရွှေထက်ရှားတယ်
တပြားက စိန်ထက်ရှားတယ်
လိုချင်ရင် ရော့တရာ ဆိုပြီး
စုတ်ပြတ်ရိနွမ်း ဒါဏ်ရာဗရပွနဲ့
အမျိုးသားပြတိုက် ပို့ရလောက်တဲ့
တရာတန်ထုတ်ပေးတယ်
နှာခေါင်းရှုံ့မနေနဲ့
တရာတန်တိုင်း ဒီလိုပဲ
……
ရင်မောတယ်၊
ငွေစက္ကူထုတ်စက်ရှိရင်
တရာတန်အသစ်ကလေးတွေထုတ်ပါတယ်။

ရုတ်တရက်
စာအုပ်တိုက်ရှေ့ရောက်လာလို့
စာရေးဆရာရီရရဲ့
တော်လှန်မလား…
ကျုပ်ဟာကျုပ်လှန်ရမလားဆိုတဲ့
ဟာသစာအုပ်ကလေး ၀င်ဆွဲခဲ့တယ်
…….
ရင်မောတယ်၊
ကမ္ဘာပေါ်မှာ
စာမတတ်လို့
ကြက်ခြေခတ်ကြရတဲ့ ဘ၀တွေ
ဘယ်လောက်များပါလိမ့်။

အလှုအိမ်ပေါ်တက်ပြီး
ထီးကောက်ချိတ်
တိုက်ပုံအကျီလေးနဲ့ ပဲပေးပြီး
ရုပ်တည်နဲ့ မုန့်ဟင်းခါးဝင်ကြိတ်တယ်၊
…..
ကမ္ဘာပေါ်မှာ
သေရင် ဘာမှပါမသွားဘူးဆိုတာ သိလို့
လှုတန်းနေကြတဲ့သူတွေ
ဘယ်လောက်များလဲ
……
ရင်ထဲမှာ
အတိုင်းထက်အလွန်
ဝမ်းသာမိတယ်။

အိမ်ပြန်ရောက်
၇ နာရီထိုးလို့
ကိုးရီးယားကားကြည့်ဖို့
ဖယောင်းတိုင်ထွန်းလိုက်တယ်၊
……
ကမ္ဘာပေါ်မှာ
တိုင်းပြည်က အရင်းအမြစ် ပေါကြွယ်ဝပေမယ့်
ပြည်သူတွေဆင်းရဲနေတဲ့နိုင်ငံ
ဘယ်လောက်များလဲ
…….
ရင်မောတယ်။

ရှုပ်ပါတယ်
ရေဒီယိုထုတ်ပြီး
လေလှိုင်းကအသံပဲ နားဆင်တော့မယ်၊
ဂျီး ဂျလီး ဂျီး
ဂျီး ဂျီး ဂျီး
ဒီနေ့မြန်မာပိုင်းအစီအစဉ်ရဲ့
အထူးသတင်းတရပ်အနေနဲ့
အမေရိကန် အင်္ဂလန်၊ ဂျပန် ဂျာမဏီ၊ တရုတ် ရုရှားတို့ကို
အပြတ်အသတ်ကျော်တက်ကာ
ကမ္ဘာ့အချမ်းသာဆုံး နံပတ်တစ်နိုင်ငံအဖြစ်
ဘိုးမင်းခေါင် ဘိုးဘိုးအောင်၊ အရှင်အဇ္ဖဂေါဏတို့
လျှာထွက်အောင် ၀ိုင်းမသောကြောင့်
ဒယီးဒယိုင်နဲ့
ပုဆိုးမနိုင် ပုဝါမနိုင်
မြန်မာနိုင်ငံရောက်ရှိသွားပါကြောင်း၊

ဟေး
…..
…..
…..
…..
မီး လာ ပြီ။

ဝန်ခံချက် ။။။ emailတခုဆီကယူထားတာပါ

Follow

Get every new post delivered to your Inbox.